Wednesday, February 11, 2009

Valentine Day ဆိုတဲ့ချစ်သူများနေ့


ကျမ "သက်"ပါ
အင်း..ဘာလိုလိုနဲ့ ချစ်သူများနေ့တောင်ရောက်လာပြန်ရော..။အဲဒီတော့လဲ
ဒီနှစ်မှာလဲသူများတွေ ပျော်တာကို အငေးသားထိုင်ကြည့်ရမဲ့ ဘ၀ပါပဲ..။ကျမ
တို့ ၆ယောက်ကလဲ ဒီတသက်လူပျိုကြီး အပျိုကြီးပဲဖြစ်တော့မယ်နဲ့တူပါတယ်..။

ဒီကြားထဲကိုယ့်ဘာသာကိုယ်မပျော်နိုင်ပဲ အတင်းပဲ Valentine Day နီးပြီနော်..
ဘယ်မှမသွားဘူးလား ဘာမှမလုပ်ဘူးလားလို့မေးတဲ့သူတွေကို အရမ်းပဲစိတ်တို
မိတယ်..။အရင်တုန်းကတော့ Valentine Day ဆိုတာကို အတွဲတွေလည်ကြတဲ့
နေ့လိုပဲ ထင်ထားတာ အခုဒီစင်္ကာပူကိုရောက်မှပဲ ချော့ကလက်ပေးရတာနဲ့
ပန်းစည်းပေးရတာနဲ့ တော်တော်လေးကဗျာဆန်နေကြတော့ ရှင်းရှင်းပြော
ရရင် ရင်တော့ခုန်တာပေါ့..။ :) ရန်ကုန်မှာတုံးက ဦးလေးတယောက်ရှိတယ်..။
အသက် ၄၀လောက်ပေါ့..။Valentine Day နီးတော့ နှင်းဆီပန်းစည်းကြီး ၀ယ်လာ
တော့ ဘယ်သူ့ဖို့လဲဆိုတော့ နင့်အဒေါ်အတွက်တဲ့ ဦးလေးကလဲကျမတို့ နဲ့ဆိုတော့
ခပ်ပျော်ပျော်ပဲနေတတ်တော့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်..။အဲဒီမှာ မိုးထက်က
လေးလေးကလဲ အိမ်ထောင်ပဲကျနေပြီ ချစ်သူများနေ့ဆိုပြီး လုပ်နေသေးတယ်
ဆိုပြီပြောရော..အဲဒီမှာ လေးလေးက `ဟကောင်ရ..ငါ့မိန်းမကို ငါချစ်လို့ယူထားတော့
ငါ့ချစ်သူပေါ့ကွ.မှတ်ထား အသက်ကြီးကြီးငယ်ငယ် အိမ်ထောင်ကျကျ မကျကျ
ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူကို ချစ်သက်လက်ဆောင်ပေးတာ မဆန်းပါဘူးကွာ'
လို့ပြောနေသေးတယ်..အဲဒါ သားနဲ့သမီးတောင်အရွယ်ရောက်နေပြီနော်..။အဲဒီတော့မှ
ကျမတို့လဲ Valentine Day ဆိုတာပျိုပျိုအိုအို ကြီးကြီငယ်ငယ် မရွေးရင်ခုန်ကြတဲ့နေ့
ပါလားဆိုတာသိတော့တယ်..။ :)

ကျမတို့ ၆ယောက်လဲ အချစ်ဆိုတာကြီးကို နဖူရောဒူးရောတွေ့ဘူးပါတယ်..။ခက်တာက
အဲဒီအချစ်က ဆုံးခန်းကိုမတိုင်လိုက်ပဲ ဂွမ်သွားကြတာကြီးပါပဲ..။အပြင်ပယောဂကြောင့်ရော
ကိုယ့်အချင်းချင်း ပတ်မွှေကြလို့ရော ကိုယ်ဘာသာကိုယ် ခါချမိလိုက်လို့ရော အစုံပါပဲ..။
နောက်ဆုံးအချုပ်ကတော့ခုလို တကိုယ်တည်း ဟီး..ဟီး..။ :)

ပထမဆုံး ရင်စခုန် ဖင်တွေတုန်လိုက်တာက "ရန်" ပေါ့..။
ကျမတို့ GTC တက်တုံးကပေါ့..။ ကျမတို့ B-Tech တန်းတွေကိုပြန်သင်တဲ့ ဆရာမတွေက
BE ဆင်းပြီးသား မမတွေဆိုတော့ ကျမတို့နဲ့ အသက်သိပ်မကွာဘူး..။အဲဒါနဲ့ သကောင့်သား
က မမ ၁ယောက်ကို လိုက်ပါလေရော..။အမှန်အတိုင်းပြောရရင် အဲဒီ မမကလဲတော်တော်
လေးချောပါတယ်..။အဲ ပဲတော့နဲနဲပေးတာပေါ့နော်..။ :) အဲဒီ မမက EC နဲ့ Architech ကို
သင်ရတာဆိုတော့ EC က ရန်ကအဲဒီမမသင်တဲ့ ၂ တန်းလုံးကိုလိုက်တက်တယ်..။အဲဒီတုန်း
ကဆို ညနေကျောင်းဆင်းတာနဲ့ ဆိုင်ကယ်တဖုတ်ဖုတ်နဲ့ အမြင်ကပ်စရာကောင်းလောက်
အောင်ကို ကျောင်းလမ်းတလျှောက်လမ်းသလားနေတာ..။ ကျမတို့ကိုတောင်
ဂရုမစိုက်နိုင်တော့ဘူး..။အဲဒီလိုနဲ့ တော်တော်လေးအဆင်ပြေလာကြလိုက်တာ မမကြီးက
အဖြေပြန်ပေးခါနီးလားမသိဘူး..။ကျမတို့ ကျန်တဲ့ ၅ယောက် ၀ိုင်းကြပ်လိုက်တာ နောက်ဆုံး
ကြတော့ မောင်နှမတွေလိုပဲနေရအောင်ဆိုပြီးဖြစ်သွားရော..။
အဲဒီအကြောင်းအပြည့်အစုံကတနေ့ ကန်တန်င်းမှာ အဲဒီမမကြီးထိုင်နေတုန်း ကျမတို့က
ဘေးနားဝိုင်းမှာထိုင်ပြီး ထက်ကအရင်တရှုံ့ရှုံ့လုပ်ပြီး "နင်တို့စဉ်းစားကြည် သူနဲ့ငါနဲ့
ကိုလူကြီးတွေက သဘောတူထားတာ သူအဲဒီလိုလုပ်တော့ကောင်းပါ့မလား " လို့ပြောရော။
ကျမတို့ကလဲ မငိုပါနဲ့ဟာ တနေ့တော့နင်ချစ်တာသူသိလာမှာပါတွေဘာတွေ လုပ်လိုက်တာ
မမကြီးဆိုတာ ဘယ်အချိန်က ထလစ်သွားမှန်းတောင်မသိလိုက်ဘူး..။အဲဒီအချိန်တုံးက
ကိုယ်တော်ချောက ဆိုင်ကယ်ဘီးဖာရအောင် ဆိုပြီးမြို့ ထဲသွားနေတာ ညနေကျောင်းဆင်း
တော့ မှထန်းတောထဲမှာလဲပြီးတော့ စိမ်း..မမစိမ်းလုပ်နေလို့ မိုးထက်နဲ့ကျော်နဲ့တွဲပြီးတော့
ဆိုင်ကယ်ရောလူရော ထော်လာဂျီပေါ်တင်ပြီးနေတဲ့အိမ်အထိတွဲခေါ်လာရသေးတယ်..။
နောက်တလလောက်နေမှ ကျမတို့လုပ်မှန်းသိတော့မှ နင်တို့မကောင်းဘူးဟာဆိုပြီး
အဲဒီည GrandRoyal တလုံးနဲ့ စိမ်း..မမစိမ်း ထပ်လုပ်ပြီးကတဲက အဲဒီမမအကြောင်းမဟတော့
တာအခုထိပဲ..။

နောက်တယောက်ကတော့ "ထက်" ပေါ့..။
အဲဒီမိန်းမကတော့သူ့ဘာသာသူကို စိတ်မ၀င်စားတာ..ပြောတာကတော့
ဟို ၃ကောင်နဲ့တင် ယောက်င်္ကျားတွေကို ကြောက်နေတာတဲ့..။
ကျမတို့ ၃ယောက်ကလဲ ကျောင်းမှာအချောအလှစာရင်းဝင်ဆိုတော့ :D..။
လိုက်တဲ့သူကလဲ ၀က်ဝက်ကွဲပဲ..။
ကျောင်း ၄နှစ်တက်လာတာမှ၃ယောက်လုံး ၁ခါစီပဲရည်းစားစကားပြောခံရသေးတယ်..။ :D
တခါတလေ ဟို ၃ကောင်ကြောင့်ဘူပိတ်နေတာလားဆိုပြီး သိပ်ပူးပူးကပ်ကပ်မနေဖို့
ပြောတော့ ၃ကောင်သား ဆဲလိုက်တာမှ ၀က်ဝက်ကွဲပဲ..။မိုးထက်ကဆို နင်တို့ဘာသာ
နင်တို့ရုပါအခံမရှိတိုင်းတဲ့ ငါတို့ကမှနင်တို့ကြောင့်ဘူပိတ်နေတာတဲ့..။
ထက်ကိုကြိုက်တဲ့သူကတော့ချစ်တယ်ဆိုတာတောင် မပြောရသေးဘူး..။
ထက်ကဟောက်လွှတ်တာနဲ့ ဘာမှမပြောနိုင်ပဲဒိုးဆလံသသွားတယ်..။
သူကတော့ ချဉ်းကပ်ပုံက စကတဲကယဉ်သကို ဆိုပြီးဖြစ်သွားတာကို..
ကျမတို့ အုပ်စုနဲ့ လာရောပြီးသူငယ်ချင်းလာလုပ်တယ်..ပြီးလဲပြီးရော
ထက်ကို ပထုတ်သွားပြီး ခုချိန်မှာတယောက်ယောက်ကချစ်တယ်လို့
လာပြောရင် ဘယ်လိုလုပ်မလဲတဲ့..။အဲဒါနဲ့ထက်ကပါးရိုက်ရင်ရိုက်
မရိုက်ရင် ဌာနမှုးနဲ့ သွားပြောမှာပေါ့တဲ့..။အဲဒါနဲ့ အဲဒီပုဂ္ဂိုယ်ကြီးလဲ
အင်း..အဲ..နဲ့လစ်ပါလေရော..။

နောက်တယောက်ကတော့ သော်ပေါ့..သူကတော့ကြောက်တတ်လို့
တခါက သူ့ကိုလိုက်တဲ့ကောင်လေးတယောက်ကို ဘာတွေလာပြော
နေတာလဲ..သူနားမလည်ဘူးဆိုပြီး ထွက်ပြေးတယ်..ကောင်လေးကလဲ
နောက်ကနေပြေးလိုက်နေတာမှ စိန်ပြေးလိုက်တမ်းကစားနေသလား
အောင့်မေ့ရတယ်..။နောက်ဆုံးမရွှေချောက ဌာနမှုးအခန်းထဲ ၀င်သွားတော့
မှ မောင်မင်းကြီးသားက ကျန်နေရစ်တယ်..။ဌာနမှုးကမေးတော့မှ သမီးကို
ရည်းစားစကားလိုက်ပြောနေလို့ ဆိုတော့ ဌာနမှုးလဲ ကောင်လေးကို
ခေါ်ပြီး သူမကြိုက်ရင်လိုက်မနှောက်ယှက်နဲ့ပေါ့လို့ပဲပြောတယ်..။
ဟုတ်တာပဲ..ဘယ်ကောလိပ်မှာမှ ရည်းစားစကားပြောလို့ဆိုတိုင်း
အချုပ်ထဲ ထည့်လို့ရတာမှ မဟုတ်တာ..။

နောက်တယောက်ကတော့ ကျမပေါ့..။ကျမကတော့ဂျီများလွန်းလို့ထင်တယ်..။
ဖြူလို့မဲလို့ ပိန်လို့ဝလို့အစုံပေါ့..။ကျမစိတ်ဝင်စားတဲ့ ကောင်လေး ၁ယောက်ဆို
ကျမလိုချင်တဲ့အချက်တွေနဲ့တော်တော်လေးပြည့်စုံပါတယ်..။ဒါပေမဲ့အဖျားရှုးသွား
တာကတော့ သူ့မှာသွားတက်ကြီးနဲ့ရှင့်..။ ကျမတို့၆ယောက်ကန်တန်င်းမှာထိုင်နေတဲ့
အချိန်မှာ သူက ရန့်မမကြီးဘယ်တော့မင်္ဂလာဆောင်မလဲဆိုပြီးမေးတယ်..။ရန်ကထဆဲ
တော့သူကအားရပါးရ တဟားဟားနဲ့ထရီတယ်..။အဲဒီမှာ အပေါ်နှုတ်ခမ်းကအပေါ်ကို
တက်သွားပြီး သွားတက်ကြီးပေါ်လာရော..။ကျမလဲတော်တော်လန့်သွားပြီးနောက်နေ့
ကျတော့ ဝေးဝေးရှောင်ပါလေရော..။အဲဒီဆရာသမားလဲ နောက်ကျတော့လက်လျှော့သွား
ရော..။

ကျန်တဲ့ ၂ယောက်ကတော့ ကျော်နဲ့မိုးထက်ပေါ့..။သူတို့ကျတော့ သူတို့ကြိုက်တဲ့
ကောင်မလေးတွေရဲ့မိဘတွေက သဘောမတူကြတာနဲ့ သူတို့နဲ့ပြတ်သွားကြတာ..။
ကျော့်ကောင်မလေးဆို ဖြတ်ခါနီး တငိုငိုတရီရီနဲ့"နောင်ကိုယ့်ဘ၀ကိုယ်လျှောက်နိုင်တဲ့
တနေ့ ကိုကို့ဆီကိုပြန်လာခဲ့ပါမယ်ဆိုပြီး လမ်းခွဲသွားကြတာ..။မိုးထက် ကျတော့
သူကောင်မလေးက သူ့အမျိုးတွေစိတ်မချမ်းသာအောင်ထပ်မလုပ်ချင်ဘူးဆိုပြီး
တိခနဲကို ရတိပြတ် ဖြတ်သွားတာ သိပ်မကြာသေးဘူး..။ဆရာသမားလဲ ခုထိကို
ခံစားနေရတုန်းပဲ..

အဲဒီတော့ အမျိုးမျိုးသော အကြောင်းကြောင်းတွေကြောင့် ချစ်သူမရခဲ့တဲ့
ကျမတို ၆ယောက်လဲ နောင်လာမဲ့ဘယ်နှစ်တွေအထိ Valentine Day
ကို ၆ယောက်လုံးအူကြောင်ကြောင်နဲ့ ဖြတ်ရဦးမလဲမသိတော့ပါဘူး...။

စာကြွင်း..ဓါတ်ပုံကို www.allposter.com မှ ကူးယူရရှိပါသည်..။







No comments: