Wednesday, February 25, 2009

ကောင်းခြင်းခု သည်ချိန်ခါ




မင်္ဂလာပါ..။ကျမ ထက်ပါ....။
၆ယောက်လုံး မအားကြတာနဲ့ post အသစ်မတင်ရတာတောင်ကြာရောပေါ့..။
ခုလောလောဆယ်တော့ ကျမတို့၆ယောက်ထဲက ၂ယောက်ရဲ့အာဝါဟ ၀ိဝါဟ ဂလို ဂလို
ကိစ္စလေးရှိနေလို့အားလုံး အရှုပ်တွေလုပ်ပြီး အလုပ်တွေရှုပ်နေကြပါတယ်..။ခုချိန်ကြမှ
ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်ဆိုတဲ့စကား လိုပဲကိုယ့်ချင်းကိုယ်ချင်း ၂ယောက်ရဲ့စေ့စပ်
ပွဲအတွက်ကျန်တဲ့၎ယောက်လုံးလဲဖတ်ဖတ်မောနေပြီ..။ဘယ်သူတွေလို့ထင်လဲ..?
မကြာမီလာမည်...မျှော်.... :D ခုလောလောဆယ်တော့ တကယ်ကိုအလုပ်တွေရှုပ်နေကြလို့
ကျမတို့၆ယောက် တူတူဖတ်ပြီးရီခဲ့ကြရတဲ့ email ကရတဲ့ဟာသလေးတွေကို ရှဲလိုက်ပါတယ်
ဘ၀အမောတွေထဲက ညီအကိုမောင်နှမအားလုံးရီမောပြီးအပန်းဖြေနိုင်ကြပါစေလို့....။

၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ


အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။


စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။


ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။


ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။


စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။


ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။


ချစ်သား
စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။

၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသောသား....
အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ်။
မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။
မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။
အခု အမေတို့အိမ်အသစ်မှာ အ၀တ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။
ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။
အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထအောင် လုပ်လိုက်မယ်တဲ့။
ချစ်တဲ့ အမေ
P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။


နှမြောတယ်

`ဆာရာ` ကရှိုက်ကြီးတငင် ငိုရင်းပြောသည်။
``အာဘရမ်..ရှင်မို့လို့ ကုလားထိုင် အသစ်ကို ချိုးရက်တယ်။မီးဆိုင်း အသစ်ကိုလည်း
ဖျက်ဆီးရက်တယ်။ ကျွန်မတော့ ရင်ကျိုးရချည်ရဲ့။ကြိုးဆွဲချ သတ်သေတာများ တခြားမှာ
သွားလုပ်ရောပေါ့ အီး...အီး..အီး..´´


ထွက်သွားလို့ရမလား

တရားလူကြီးက ရုံးခန်းမထဲက ပရိသတ်ကို သတိပေးသည်။
``တရားလူကြီး အလိုမရှိလို့ နောက်ထပ်အော်သံကြားရင် အော်တဲ့လူ အခန်းထဲက ချက်ချင်းထွက်သွားပါ။´´
ခဏအကြာတွင် `တရားလူကြီးအလိုမရှိ´ ဆိုသောအသံကိုကြားရသည်။တရားလူကြီးက အသံထွက်ရာဘက်
လှမ်းကြည့်လိုက်ပြီးပြောသည်။
``တရားခံ...အဲဒါ...မောင်မင်းနဲ့ မဆိုင်ဘူး။´´

ထွက်မပြေးပါနဲ့လား

လူ ၅၂ ယောက်ကို ကားနှင့်တက်ကြိတ်သော ဒရိုင်ဘာ၏အမှုကို တရားရုံးတွင် စစ်ဆေးနေသည်။
တရားလူကြီးက တရားခံကို မေးသလိုနှင့်ပြောသည်။
``လူ ၅၂ ယောက်ကိုတစ်ခါထဲဝင်တိုက်ရတယ်လို့ အံ့ပါရဲ့။´´
``ကျွန်တော့် အပြစ်မဟုတ်ဘူးခင်ဗျ။ဒါမတော်တဆဖြစ်တာပါ။ကျွန်တော် ပုံမန်အရှိန်နဲ့
မောင်းလာပါတယ်။ ရုတ်တရက်ကားဘရိတ်ပေါက်သွားပါတယ်။ကျွန်တော် ရှေ့ကိုကြည့်လိုက်တော့
ဘယ်ဘက်မှာ လူနှစ်ယောက် ညာဘက်မှာ လူငါးဆယ်ရပ်နေတာကိုတွေ့ပါတယ်။ဘယ်လိုမှရှောင်လို့
မလွတ်တော့ဘူးဆိုတာကိုကျွန်တော် သိလိုက်ပါတယ်။တိုက်ချင်းတိုက်ရင် လူနှစ်ယောက်ကိုပဲတိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။
ဒါနဲ့လက်ကိုင်ကို ဘယ်ဘက်ကိုကွေ့လိုက်ပါတယ်။ပထမတစ်ယောက် ကိုတက်ကြိတ်မိတယ်။
ဒီမှာတင် မမျှော်လင့်ဘဲ ဒုတိယလူ သွေးရူးသွေးတန်းနဲ့ ညာဘက်ကိုပြေးသွားတာပါခင်ဗျာ။´´


တူနေလို့

``ဟေ့လူ..ခင်ဗျား ဘာလို့ထောင်ကျတာလဲ။´´
``ကျွန်တော်လုပ်တဲ့ ငွေစက္ကူနဲ့တစ်ထေရာတည်းတူတဲ့ ငွေစက္ကူကို နိုင်ငံတော်ကလည်း
ထုတ်တယ်ဆိုတာ တစ်နေ့ပေါ်သွားလို့။´´



မရှိဘူး

``ယောကျာ်း မရှိဘူးလား။´´
``ဟင့်အင်း၊နှစ်ခါရှိပြီ မရှိတာ။´´

အကူအညီ


ကိုဘမောင်၏ ယောက္ခမဖြစ်သူ ဒေါ်သဲညှာသွားသည်၊ မှုခင်းဆရာဝန်က သေရခြင်းအကြောင်း
နှင့်ပတ်သတ်၍ ကိုဘမောင်ကိုစစ်ဆေးမေးမြန်းသည်။
``ခင်ဗျား ယောက္ခမဘာကြောင့်သေရတယ်ထင်လဲ။´´
``အဆိပ်ပြင်းတဲ့ မှိုစားလို့။´´
``ဒါဖြင့်ရင် သူ့လည်ပင်းမှာ ဒဏ်ရာလိုလို အမည်းကွက်ရှိနေရတာလဲ။´´
``မှိုကို သူကဟာသူမစားချင်ဘူးလေ၊ဒါကြောင့် အဲဒါစားဖြစ်အောင် ကျွန်တော်ကူပေးလိုက်တာ။´´

လာနေတုန်းပဲ

ကိုချူချာကို ၀ိုင်းမေးကြသည်။
``ကမ္ဘာပေါ်မှာ ဘယ်လူမျိုးက အထုံအထိုင်းဆုံးလဲဗျ။´´
``အာမေးနီးယန်းတွေပေါ့။´´
``ဘာဖြစ်လို့လဲ။´´
``ကျုပ်ရဲ့အိမ်ရှေ့ တည့်တည့်က အိမ်မှာ အာမေးနီးယန်းသားတစ်ယောက်နေတယ်၊
ကျုပ်မိန်းမဆီကို မလာနဲ့လို့ ကျုပ်သူ့ကိုနေ့တိုင်းပြောတယ်။ဒါပေမယ့် သူနားမလည်ဘူး။´´



ရှေးဟောင်းနာရီကိုး

ဆိုဖာပေါ်တွင် ယောက္ခမထိုင်နေသည်။၎င်း ခေါင်းပေါ်တည့်တည့်တွင် ရှေးဟောင်း
တိုင်ကပ်နာရီကြီးကို ချိတ်ထားသည်။ထိုင်နေရာမှ ရုတ်တရက် ယောက္ခမကြီးက ထသွားသည်။
စက္ကန့်ပိုင်းအတွင်း တိုင်ကပ်နာရီ ကြီးပြုတ်ကျသည်။သမက်ဖြစ်သူက ကြိတ်မနိုင် ခဲမရသံဖြင့် ပြောသည်။
``တော်တော့ကို အသုံးမကျတဲ့ နာရီ၊အမြဲတမ်းနောက်ကျတယ်။´´




1 comment:

ဖြိုးဝေတိုး said...

ဖတ်ပြီး အားပါးတရရည်သွားပါတယ်
နောင်လည်းအများကြီး ဆက်လက်ရေးနိုင်ပါစေဗျာ။

ခင်တဲ့