Monday, February 9, 2009

အမြဲအမှတ်ရနေမဲ့ နေ့လေးတနေ့

ကျမ သော်ပါ..မိုးထက်ရေးသွားသလိုပဲ ကျမတို့ ၆ယောက်စတွေ့ပြီးခင်ခဲ့ ကြတာ ဒီနှစ် ၂၀၀၉ ဆို ၁၁ နှစ်ရှိပါပြီ..။
အဲဒါနဲ့ ၁၁နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ ၃ရက်နေ့ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ရန်က နှစ်ပြည့်ဆိုတော့ မုန့်ဟင်းခါးကျွေးလေတဲ့..။
အဲဒီအကောင်ကို ပက်ပက်စက်စက်ကိုဆဲဆိုပြီးတဲ့သကာလမှာတော့
Woodland Cause Way Point ကSoul Garden ဆိုတဲ့ Seafood ဘူဖေးဆိုင်မှာသွားစားကြဖို့သဘောတူလိုက်ကြတယ်..။
အရင်တုံးကတော့ Marina Bay မှာရှိတဲ့ ဘူဖေးဆိုင်တွေမှာစားနေကြ..
ဒါပေမဲ့ ခုအဲဒီဆိုင်တွေကမရှိတော့ဘူးဆိုတော့ နီးနီးနားနား ကဆိုင်မှာပဲသွားစားဖြစ်တယ်..။

အဲဒါနဲ့ နောက်နေ့မနက်ကျတော့ ကျမကအချိန်ပိုင်း အလုပ်ရှိလို့ အလုပ်သွားလိုက်တယ်..
အလုပ်က မနက် ၁၀ နာရီကနေ ညနေ ၅နာရီထိဆိုတော့ ညနေကျမအလုပ်ဆင်းရင်ဘူဖေး
ဆိုင်ကိုသွားမယ်လို့ ပြောထားလိုက်တယ်..။အလုပ်ထဲမှာတောင် ကျမရဲ့  Supervisor ကို
ညနေ ကျမသူငယ်ချင်းတွေနဲ့ အပြင်သွားမလို့စောစောပြန်ချင်တယ်လို့
ခွင့်တောင်းလိုက်တယ်..။
သဘောကောင်းတဲ့Supervisorကလဲ ခွင့်ပေးပါတယ်...ပြီးတော့မေးလိုက်သေးတယ် နင့်ရဲ့ 
Best Friend တွေနဲ့လားတဲ့..။

ကျမအလုပ်လာတိုင်းတယောက်မဟုတ်တယောက်လိုက်ပို့ပေးနေကြဆိုတော့ ဆိုင်က
လူတွေအားလုံးကလဲ သူတို့ကိုသိနေကြပြီလေ..။အဲဒီလိုနဲ့ ၄နာရီလောက်လဲ
ရောက်ရော သူတို့ ၅ယောက်လုံးဆိုင်ရှေ့ မှာ ငုတ်တုတ်လေးတွေ ထိုင်စောင့်နေကြပြီလေ..။

Supervisor ကလာပြီးတော့ နင့် သူငယ်ချင်းတွေရောက်နေပြီ ခုဖုတ်နေတဲ့မုန့်ပြီးရင်
Time Outလုပ်ပြီးပြန်တော့ဆိုလို့ ကျမလဲ ခပ်မြန်မြန်လေးလုပ်လိုက်တယ်..။
ကျမဆိုင်ပြင်ရောက်တော့ ကျော် နဲ့ မိုးထက်ကရီပြီးတော့ မိုးထက်က သူ့ဘောင်းဘီအိတ်ထဲက
တစ်ရှုးထုတ်ပေးတယ်..။ဟုတ်ပါရဲ့ ကျမနှာခေါင်းမှာ ဂျုံမှုန့်တွေ ကပ်နေတာပဲ..ရန်ကတော့
ဒီကုလားမလေးက အနီစက်မဟုတ်ဘူးကွ အဖြူစက်နဲ့တဲ့..။
အဲဒါနဲ့ကျမလဲ ဟဲ့..ပေါင်မုန့်ဆိုင်မှာလုပ်မှတော့ ဂျုံမှုန့်ပေတာဆန်းလားဟဲ့ဆိုပြီးကောင်းချီးသြဘာပေးလိုက်ရတယ်..။

မိုးထက်နဲ့ ကျော်က ဗိုက်ဆာပြီဟာဆိုတော့မှ ကျမ၊ထက်၊သက် တို့လဲ ညကတိုင်ပင်ထားတဲ့
အတိုင်းသူတို့ကို ၁၁နှစ်ပြည့်အမှတ်တရ ၀ယ်ပေးမယ်ဆိုပြီး Raffel City ထဲက Robison ထဲ
ကိုခေါ်သွားကြတယ်..။မိုးထက်ကတော့ ပိုက်ဆံတွေကုန်လို့ဟာ ဆိုပြီးပြောပါသေးတယ်..။

ဒါပေမဲ ကျမ၊ထက်၊သက် တို့ မှာ အလုပ်က နှစ်ကူးတုံးက ရထားတဲ့ အန်ပေါင်းပိုက်ဆံ
ရယ် စုထားတဲ့ပိုက်ဆံတွေရယ် ပေါင်းလိုက်ရင် S$400 လောက်တော့ရှိတယ်..။

မနှစ်ကတော့ ၃ကောင်လုံးက ဆေးလိပ်သောက်ကြတော့ Zippo မီးခြစ်လေး တွေ ၃လုံး
ဝယ်ပြီး သူတို့နာမည်လေးတွေ ထိုးပေးလိုက်တယ်..ဒီနှစ်တော့ဘာဝယ်ပေးရမှန်းမသိဘူး

ထက်က အဲဒီကောင်တွေ ပိုက်ဆံအိတ်တွေ စုတ်နေပြီတဲ့ အဲဒါနဲ့ ကျမတို့၃ယောက်သား
ယောက်င်္ကျားကိုင်ပိုက်ဆံအိတ်တန်းတွေဘက် သွားကြည့်တော့ Goldlion ဆိုတဲ့ တံဆိပ်နဲ့
အိတ်ကောင်းကောင်းလေးတွေတွေ့တယ်..။ ဈေးနှုန်းကြည့်လိုက်တော့ အမျိုးမျိုးပဲ 380
ကနေစပြီး အပေါဆုံး က 78 တဲ့..။အမလေး..92လောက် ၀ယ်ပေးချင်ပေမဲ့ပြီးရင်
မောင်မင်းကြီးသားတွေက ဖျောက်ပစ်ရင်ကိုယ်ပဲ ဒေါသထွက်ရဦးမှာ..
ဒါပေမဲ့ ဆိုင်ကကောင်မလေးက 20% off ရှိပါတယ်ဆိုတော့တွက်ကြည့်တော့
တအိတ်ကို 68 လောက်ပဲပေးရမှာလေ..အဲဒါနဲ့ပဲ ၃ကောင်လုံးခေါ်ပြီး
ကြိုက်လားဆိုတော့ Hard Type ထဲကဆင်တူ၃လုံးယူကြတယ်..။

အဲဒီ၃ကောင်လုံးတခုထူးခြားတာက တယောက်ကြီုက်တာ အကုန်လိုက်
ကြိုက်တာပဲ..အဲဒီတော့သူတို့ဆီမှာရှိသမျှဟာတွေကအမျိုးအစားတွေတူတူကြီးပဲ..။

အဲဒါနဲ့ Robison ထဲကနေထွက်ပြီးသူတို့က ကျမတို့ကိုနောက်လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်..။
Levis ဆိုင်ရှေ့ ရောက်တော့ ကျော်နဲ့ရန် နဲ့က လွယ်အိတ်ထဲကနေ တခုခု ထုတ်နေတယ်..။

မိုးထက်ကတော့ ဆိုင်ထဲ ၀င်သွားပြီး ကောင်တာက မိန်းမကိုတခုခုမေးနေတယ်..။ပြီးတော့
မှဆိုင်ပြင်ပြန်ထွက်လာပြီး ရတယ်လို့ပြောတယ်ဆိုတော့မှ ကျမသဘောပေါက်တယ်..။
ခု Levis ကဂျင်းဘောင်းဘီအဟောင်းတွေ ကိုဘာဘောင်းဘီအမျိုးအစားပဲဖြစ်ဖြစ်
တထည် 50 ပေးနေတာလေ..။ဆိုကြပါစို့ သူ့ဆီကအသစ်က 120 ဆိုရင်အဟောင်းဖိုး
50 နှုတ်ပြီး 70ပဲပေးရတာမျိုးပေါ့..

အဲဒါဟို၃ကောင်က သူတို့အဟောင်းတွေကို ယူလာပြီး ကျမတို့ကိုအသစ်
တထည်စီနဲ့လဲပေးတာ..ကျမက 120 တန်ဂျင်းဘောင်းဘီ ၁ထည်၊သက်ကတော့
130 တန်၊ထက်က 139 တန် ဂျင်းဘောင်းဘီ၁ထည်စီ ယူခဲ့ကြပါတယ်..။
ဝယ်တာခြမ်းတာတွေပြီးသွားတဲ့ အခါမှာတော့ ကျမတို့ ၆ယောက်သား
ဘူဖေးဆိုင်ရှိတဲ့ Woodland က Cause Way Point ကိုချီတက်ခဲ့ကြပါတော့တယ်..။

ကျမတို့ဆိုင်ရောက်တော့ ၆.၄၅လောက် လူတွေလဲသိပ်မရောက်သေးတာနဲ့တူပါတယ်..
ကျမတို့လဲ၁ယောက် 24 နှုံးနဲ့ အပြီစားလိုက်တာ..ည ၉.၃၀ လောက်မှ ရန်က အစားပိတ်
အသားလုံး၁လုံးစားပြီးမှ ၀ိုင်းကိုသိမ်းပါတယ်..။ကျော်နဲ့မိုးထက်ကတော့ ကျမအိတ်ထဲက
ဆင်တုံးမနွယ် အစာကြေဆေးကိုလုနေကြပြီ..။

ဘာပဲပြောပြော ဒီနေ့ကျမတို့အားလုံးစတင်ခင်မင်ခဲ့ကြတဲ့ နေ့ကလေးဖြစ်တော့
အားလုံးရဲ့ ရင်ထဲမှာအပျော်တွေကူးစက်နေမှာပါ..။ဒီလောက်နှစ်တွေအကြာကြီး
နေလာကြတဲ့သူငယ်ချင်းတွေ ရဲ့ ဖြူစင်သန့်ရှင်းတဲ့မေတ္တာတရားကိုလဲ အမြဲတမ်း
တည်တံ့နေပါစေလို ဆုတောင်းပါတယ်..။

သော်










2 comments:

နွေးနေခြည် said...

ကြည်နူးစရာကောင်းတဲ့ သူငယ်ချင်းတွေပဲ ;)

ပီတိ(စိတ်ပညာ) said...

မမတို့ ကိုကိုတို့ ။ စခင်ကြတာလေးလည်း ဖတ်ချင်ပါတယ်။