Sunday, April 19, 2009

ခံစားမှုတွေအများကြီးခံစားရတဲ့Video လေးတခု

ဒီနေ့ကျနော် e-mail ထဲကိုရောက်လာတဲ့ FWD mail လေးတခုအကြောင်းပြောပြချင်
လို့ပါ..။

ဒီပြကွက်လေးကိုကြည့်ပြီး ကျနော်တို့ ၆ယောက်လုံးခံစားချက်တွေထပ်တူထပ်မျှ
ခံစားခဲ့ရပါတယ်..။

ဘာတွေလဲဆိုတော့....

ကျနော်ခုပြထားတဲ့ Movie လေးကို ကြည့်ရှုပြီးသွားရင် ပထမတော့ရီပေးလိုက်ကြပါ

ပြီးရင် သူတို့ရဲ့အနုပညာအတွက်ချီးကြူးပေးကြပါ...ပြီးရင် စာနာ နားလည်ပေးကြပါ..။

ပြီးရင် ကျနော်တို့ လက်ရှိပိုင်ဆိုင်နေရတဲ့ဘ၀မှာနေရတဲ့အတွက် မိဘ၂ပါးနဲ့မိမိကိုယ်
တိုင်ကြိုးစားအားထုတ်ခဲ့ရတာတွေကို ကျေးဇူးတင်လိုက်ပါ..။

ပြီးရင် ကျနော်တို့ လက်ရှိရောက်နေတဲ့ ဘ၀လေးကနေ သူတို့ဘ၀လေးတွေအတွက်
ကိုယ်တတ်အားသရွေ့ကူညီထောက်ပံ့ပေးလိုက်ကြပါနော်..။

အသံတိုးနေရင် နဲနဲ Volume မြှင့်လိုက်ပါနော်...နဲနဲ Buffer လုပ်ပြီးမှကြည့်တာပိုအဆင်ပြေ
မယ်ထင်တယ်...။


2 comments:

ကောင်းကင်ပြာ said...

အမ တို့ ငယ်ငယ်ထဲက တွေ့ရတဲ့ ဘ၀လေးတွေပေါ့၊ တွေ့တဲ့ နေရာတိုင်း ပိုက်ဆံ ထည့်မိပါတယ်

ရှေးစာဆို said...

သူတို့ရဲ့ အနုပညာကို တစ်ကယ်ကိုသဘောကျမိပါတယ်။ လက်ရှိဆိုနေတဲ့ Rapper တွေထက်တော့ မနိမ့်ဘူးလို့တောင် ပြောရမလိုဖြစ်မိပါတယ်။ စိတ်ထဲမှာလည်း သူတို့နဲ့အတူတူ ဝင်တောင်ဆိုချင်မိသွားတယ်တဲ့ အပြင် ဝင်ပြီးကို က၊ ကုန်မိချင်သွားတယ်။ ဘဝရပ်တည်ရေးကို ဖြေရှင်းတဲ့နေရာမှာ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်မို့....
ပြီးတော့ ဒီဗီဒီယို ရိုက်ဖြစ်သွားတဲ့လူရဲ့ စိတ်ကူးလေးကိုလည်း သဘောကျမိတယ်။